24 October 2012

OK-Huawei U8812D ကို root လုပ်နည်း


ပထမအဆင့်  
  download files
1.    ဒီမှာ         ဒေါင်းပါ။
2.    ဒီမှာ        နောက်တခု
3.    ဒီမှာ        နောက်တခုနော်။ ၃ဖိုင်လုံးနော်။။။
ဒုတိယအဆင့်
Driver သွင်းဖို့  MTK Driver ကို Extract လုပ်ပါ။ ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ်ပါ။ ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပါ။
ပြီးမှ ဓာတ်ခဲကို ထည့်ပါ။Computer မှာ found new hardware ဆိုပြီး  Driver လာတောင်းပါတယ်။ MTK Driver ဖိုဒါကိုညွန်းပေးပြီး Driver ကိုသွင်းပါ။
တတိယအဆင့်
Driver installပြီးသွားပြီဆိုရင် ဖုန်းကို computer ကနေဖြုတ်ပြီး battery ဖြုတ်ထားပါ။
U8812D root.rar ဖိုင်ကို ဖြည်ချပါ။ ပြီးရင် အထဲထဲက Flash_tool.exe ကို run ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါမယ်။

http://4.bp.blogspot.com/-NbyyvIqbngc/UEoi2KAJGiI/AAAAAAAAAVE/z_Sy-vzCMH4/s1600/20120907155152680copy.jpg


ပြထားတဲ့အတိုင်း scatter_emmc.txt နေရာကိုနှိပ်ပြီးတော့ Flash Tool ဖိုဒါထဲက MT6575_Android_scatter_emmc.txt ဖိုင်ကို ရွေးပါ။ပြီးရင် BOOTIMG နေရာကို အမှန်ခြစ်ပါ။ ပြီးရင်BOOTIMG နှစ်ချက်နှိပ်ပြီး U8812D Root.img ဖိုင်ကိုရွေးပါ။
Download ကိုနှိပ်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို USB ထိုးပါ။ ပြီးမှ Battery ကိုထည့်ပါ။
Flash tool နဲ့ ဖုန်းနဲ့သိသွားပြီး အနီရောင်ဘားလေး အရင်ပြေးပါမယ်။ ပြီးရင် ဒုတိယတစ်ခါ အ၀ါရောင်ပြေးပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့အစိမ်းရောင်အ၀ိုင်းလေးပေါ်လာရင်တော့Rooting အောင်မြင်သွားပါပြီ။

 

မူရင်းလင့်က 1.http://colonelzap.blogspot.com
              2.http://mm-mpxteam.net/forum.php?mod=viewthread&tid=4184&extra&page=1

2 comments:

Anonymous said...

ကျေးဇူးပဲ အစ်ကိုရေ အဆင်ပြေသွားပြီ ။ နောက်လည်း အခုလို နည်းပညာလေးတွေ တင်ပေးပါဦးလို့။

Anonymous said...

BOOTIMG က ဘယ်နားမှာလည်းရှာလို့မတွေ့ဘူး

Post a Comment

ကျေးဇူးပါ