08 August 2012

OK-Xperia Arc S LT18i(android version 2.3.4)Build Number.62 Rooting

Xperia Arc S LT18i(android version 2.3.4)Build Number.62 Rooting

Xperia Arc S ( LT18i ) Build Number .62 ကို rooting လုပ်ရန်အတွက် DoomLord Tool နဲ့ လည်းအဆင်မပြေတဲ့အတွက် Bootloader Unlock လုပ်ပြီး CWM recovery နဲ့   root လုပ်ရမှာပါ .
လုပ်ဆောင်ရမယ့် နည်းလမ်းက
Build Number ကြည့်ဖို့ အတွက် . Settings > About Phone> အောက်ဆုံးစာကြောင်း မှာရေး ထားပါတယ်။4.0.2.A.0.62

1. Bootloader Unlock လုပ်ရမယ်                                                                                      2. CWM Recovery တင်ရမယ်
3. RootXperia.zip နဲ့ root လုပ်ရမယ်

Xperia ArcS တွေကို ဗာရှင်းအနိမ့်ကို ဆော့ဝဲပြန်တင်စရာမလိုပါဘူး။

ပထမအဆင့်  
  download files
1.    ဒီမှာ        first to unlock bootloader
2.    ဒီမှာ        DooMLoRD_v4_ROOT-zergRush-busybox-su.zip
3.    ဒီမှာ        second to fastboot
4.    ဒီမှာ        RootXperia copy to sd                                          ၄ ဖိုင်လုံးနော်။
 ဒုတိယအဆင့်
Bootloader Unlock လုပ်ဖို့ အတွက်ကတော့ http://unlockbootloader.sonymobile.com/ ကို ကလစ်နှိပ်ပြီး.. unlock လုပ်တဲ့ site ကို သွားပါ။continue/ yes i am sure/ I accept စသဖြင့်အားလုံးကို ရွေးချယ်သွားပါ။နောက်ဆုံး name. IMEI နဲ့ email address တောင်းတဲ့ေ
နရာရောက်တဲ့အထိ သွားပါ။ Nameကို နာမည်ဖြစ်ဖြစ်တစ်ခုခုပေးပါ.
IMEI သိဖို့အတွက် Xperia ဖုန်းရဲ့ dial pad မှာ *#06# လို့ရိုက်ပေးပါ။
IMEI နံပါတ် ကျလာပါလိမ့်မယ်။ အဲဒီနံပါတ်ကိုမှတ်ထားပါ။
ပြီးတော့ စောစော က http://unlockbootloader.sonymobile.com/  webpage မှာ တောင်းတဲ့ IMEI နေရာမှာထည့်ပါ။အကုန်မထည့်ရပါဘူး။နောက်ဆုံးတစ်လုံးချန်ထားခဲ့ပါ။    ဥပမာ 352600052300556 ဆိုရင် 35260005230055 ကို ပဲရိုက်ထည့်ပါ။
ပြီးတော့ ကိုယ့်ရဲ့ email ထည့်ပါ။ြ ပီးရင် OK နှိပ်ပါ။
step မှန်တယ်ဆိုရင် unlock code တစ်ခုပေးပါလိမ့်မယ်.
အဲဒီ Code ကို မှတ်ထားပါ။အရေးကြီးပါတယ်။
တတိယအဆင့်
xperia ဖုန်းကို fast boot ထဲဝင်အောင် လုပ်၇ပါမယ်။setting /application ထဲက USB debugging ကို အရင် အမှန်ခြစ်ပြီး on ထားပါ။ြ ပီးရင်ဖုန်းကိုအရင်ပိတ်ပါ။လုံးဝပိတ်သွားပြီးရင်menu key ကို ဖိထားပြီး USB cable ကိုတပ်ပါ။ USB cable နားမှာအပြာရောင်မီးလေးလင်းလာရင် fast boot ထဲဝင်ပါပြီ။
စတုတ္ထအဆင့်
first to unlock bootloaderဖိုင်ကို ဒေါင်းပြီးပြီဆိုရင်တော့ Desktop မှာ Extract လုပ်ပေးပါ။
New Text Document.cmd ကို right click>edit လုပ်ပါ။(open with notepad)
fastboot.exe -i 0x0fce oem unlock 0x################ ကို
fastboot.exe -i 0x0fce oem unlock 0x(Code) ၁၄လုံးဖြစ်ပါလိမ့်မယ်။
ပီးရင် save လိုက်ပါ။ပြီးနောက် New Text Document.cmd ကို RUN လိုက်ပါ။ကြိုးပြန်ဖြုတ်ပါ။
ပဉ္စမအဆင့် 
second to fastboot ဖိုင်ကို ဒေါင်းပြီးပြီဆိုရင်တော့  Extract လုပ်ပေးပါ။ပြီးနောက် second.cmd ကို RUN လိုက်ပါ။Command Prompt မှာ Boot တက်နေပါတယ်လို့ စာတန်းတက်နေပါလိမ့်မယ် .
ပြီးရင် ဖုန်းကို ကြည့်နေပါ။Logo နဲ့ တက်လာတာနဲ့ တပြိုင်နက်တည်းမှာပဲ ဖုန်းရဲ့ ဘယ်ဘက်ဆုံးက Back Key ကို ဆက်တိုက်နှိပ်ပေးပါ။အဲဒါဆိုရင် CWM Recoveryထဲဝင်သွားတာကိုတွေ့ ရပါလိမ့်မယ်။ ခုအဆင့်ကတော့ root လုပ်ဖို့ အတွက် Install zip from sdcard ဆိုတဲ့ စာကြောင်းကို ရွေးပြီး ၀င်လိုက်ပါ ပြီးရင် ထိပ်ဆုံးစာကြောင်းကိုပဲ ထပ်ရွေးပါ။ အဲဒါပြီးရင် RootXperia copy to sd.zip ဖိုင်ကို ရှာပြီး ရွေးလိုက်ပါ . Yes , No တွေမေးနေရင် Yes ကိုပဲ ရွေးလိုက်ပါ .
အဲဒါပြီးရင် Back key နဲ့ ပြန်ထွက်ပြီး reboot system now ကို ရွေးပြီး ဖုန်းကို reboot လုပ်လိုက်ပါ . ပြီးရင် Superuser icon လေး ရှိမရှိ ရှာကြည့်ပါ။တွေ့ ပြီဆိုရင်တော့ LT18i ( Arc S .62 ) Rooting လုပ်ငန်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ။
IF U can not see any Superuser icon restart again.ပြီးရင် Superuser icon လေး ရှိမရှိ ထပ်ရှာကြည့်ပါ။ဒီလိုမှ မရ ရင်တော့ DooMLoRD_v4_ROOT-zergRush-busybox-su.zip ထဲက
runme.bat ကို run ပါ။စက်ဖွင့်လျှက်နော်။reboot ပြီးရင်Superuser iconတွေ့ ပြီးတော့ LT18i ( Arc S .62 ) Rooting လုပ်ငန်း အောင်မြင်ပါပြီ ။

No comments:

Post a Comment

ကျေးဇူးပါ